School Forum

School Forum

ကျောင်း၏School Forumတွင် ကျောင်းရှိဆရာ/ဆရာမများနှင့်
ကျောင်းသူ/သားများပါဝင်ဆွေးနွေးဖလှယ်ထားကြသည့်
သတင်းအချက်အလက်များနှင့်ဆွေးနွေးပွဲမှတ်တမ်းများကို
ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

See School Forum
Admission List

Admission List

ကျောင်းဝင်ခွင့် အောင်မြင်သူများ၏
အမည်စာရင်းကို
ဘာသာရပ်များအလိုက်
ခွဲခြားဖော်ပြပေးထားပါသည်။

See Admission List
Our Courses

Our Courses

အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) 
တွင် ယနေ့သင်ကြားပေးနေသော
ဘာသာရပ်များမှာကို
ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

See Courses

အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)

Image
အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)ကို ၂၀၁၀ ခုနှစ်၊ ဇွန် လ(၁၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ကျောင်းသမိုင်းအကျဉ်း
(က) နောက်ခံသမိုင်း
ကာကွယ်ရေး၀န်ကြီးဌာန၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းသည် သံမဏိစက်ရုံများ တည်ဆောက်၍ နိုင်ငံတော် အတွက် လိုအပ်သည့် သံမဏိ ထုတ်ကုန်များ ရရှိရေး ဆောင်ရွက်လျှက်ရှိရာ အခြေခံ ကောင်းမွန်သည့် လူ့စွမ်းအား အရင်းအမြစ် ကျွမ်းကျင် လုပ်သားများ ရရှိရေးအတွက် နိုင်ငံတော် အကြီးအကဲမှ သံမဏိစက်ရုံ အနီးတဝိုက်တွင် အစိုးရနည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်လမ်းညွှန်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ကို အမှတ်(၃)သံမဏိစက်ရုံ (ရွာမ)ပိုင်မြေ၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ရွာမဘူတာ အနောက်မြောက်ဘက်ကိုက် (၂၀၀)ခန့် အကွာ၊ ခန့်မှန်းမြေပုံအညွှန်း (L-၄၅၅၅၀၅)တွင်ဆောက်လုပ်ခဲ့ပါသည်။

ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက် အမှာစကား

Image
  •  ဒေါက်တာဖြိုးမြင့်သူ
  •  ညွှန်ကြားရေးမှူး၊ ကျောင်းအုပ်ကြီး
  •  Ph.D (Mech)
သင်ကြားပို့ချရာတွင် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၏ မူဝါဒနှင့် အညီ အရည်အချင်း ပြည့်မီသော ကျွမ်းကျင် လုပ်သားများ မွေးထုတ် ပေးရန်အတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် လျှက်ရှိပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသော ကျောင်းသား/သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာများအား ကျွမ်းကျင် တတ်မြောက်စေရန် ရည်ရွယ်လျှက် သုတနည်းပညာသင်တန်း (Information Technology)၊ အီလက်ထရောနစ် နည်းပညာသင်တန်း (Electronic Technology)၊ လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း (Machining Technology)နှင့် သတ္ထုပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်း (Metal Process Technology) တို့အား (၂) နှစ်သင်တန်းအဖြစ် သင်ကြားလေ့ကျင့်ပေးလျှက် ရှိပါသည်။
ဤကျောင်းမှ မွေးထုတ်ပေးလိုက်သော ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိအတက်ပညာနှင့် လျှော်ညီသော အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝများ တိုးတက်အောင်မြင်စေပါကြောင်း ဆန္ဒပြုလိုက်ပါသည်။

Contact

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးတွင် တည်ရှိပါသည်။

Supported By

Image

Search