HISTORY OF SCHOOL

အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)

About us

အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ကို ၂၀၁၀ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းသမိုင်းအကျဉ်း
(က) နောက်ခံသမိုင်း 
    ကာကွယ်ရေး ၀န်ကြီးဌာန၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းသည် သံမဏိစက်ရုံများ တည်ဆောက်၍ နိုင်ငံတော် အတွက်လိုအပ်သည့် သံမဏိထုတ်ကုန်များ ရရှိရေး ဆောင်ရွက်လျှက်ရှိရာ အခြေခံကောင်းမွန်သည့် လူ့စွမ်းအား အရင်းအမြစ် ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲမှ သံမဏိစက်ရုံအနီးတဝိုက်တွင် အစိုးရ နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်လမ်းညွှန်ခဲ့ပါသည်။
    သို့ဖြစ်ပါ၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ကို အမှတ်(၃)သံမဏိစက်ရုံ (ရွာမ)ပိုင်မြေ၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ရွာမဘူတာအနောက်မြောက်ဘက်ကိုက် (၂၀၀)ခန့်အကွာ၊ ခန့်မှန်းမြေပုံအညွှန်း (L-၄၅၅၅၀၅) တွင် ဆောက်လုပ်ခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်

အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ လူငယ် လူရွယ်များ အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြား ခွင့်ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရန် နှင့် ဒေသတွင်းစက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးလေ့ကျင့် မွေးထုတ်ပေးနိုင်ရန်တို့ဖြစ်ပါသည်။

ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ

အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်တွင်တည်ရှိပြီး (၂.၃)ဧက ကျယ်၀န်းပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ

ဖုန်းနံပါတ် - (ရုံး) ၀၁-၃၆၄၁၆၉၆
(ကျောင်းအုပ်ကြီးဖုန်း) ၀၉-၂၅၀၃၇၇၁၈၈
ဖက်(စ်)နံပါတ် - ၀၁-၃၆၄၁၆၉၆
အီးမေးလ်လိပ်စာ - [email protected],
                    - [email protected],
                    - [email protected]

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ

၂၀၁၅-၂၀၁၆ပညာသင်နှစ်မှစ၍ ယခုပညာသင်နှစ်အထိ ကျောင်းသားတစ်ဦးလျှင် လစဉ် ပညာသင်ထောက်ပံ့ကြေးငွေ (၃၀,၀၀၀ ကျပ်တိတိ)အား ထောက်ပံ့ပေးလျက်ရှိပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ

ကျောင်းပြီးဆုံးပါက အထူးအောင်အဆင့်ဖြင့်အောင်မြင်လျှင် အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အစိုးရနည်းပညာကောလိပ်သို့ တက်ရောက်ခွင့် ရှိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် စက်မှုကျွမ်းကျင်(၅)အဆင့်ဖြင့် အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်ပါသည်။

တာ၀န်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ

စဥ်  အမည်  ပညာအရည်အချင်း  တာ၀န်ထမ်းဆောင်ခဲ့သည့် ကာလ 
1 ဒေါက်တာဖြိုးမြင့်သူ  Ph.D(Mech) ၂၆.၂.၂၀၁၈ မှ ယနေ့အထိ
2 ဒေါက်တာမျိုးသူရ  Ph.D(Mech) ၁.၁၁.၂၀၁၇ မှ ၂၅.၂.၂၀၁၈ ထိ
3 ဦးမြတ်ကို  M.E(EC) ၁.၈.၂၀၁၁ မှ ၃၁.၁၀.၂၀၁၇ ထိ
4 ဒေါက်တာနေဇာအောင်  Ph.D(MC) ၁၄.၆.၂၀၁၀ မှ ၃၁.၇.၂၀၁၁ ထိ

 

Contact

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးတွင် တည်ရှိပါသည်။

Supported By

Image

Search