ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ

၁၃၈၁ ခုနှစ် ဝါဆိုလဆန်း(၉)ရက်၊ခရစ်နှစ် ၂၀၁၉ခုနှစ်၊ ဇူလိုင်(၁၀ရက်) နံနက် ၁၀နာရီတွင် ဝါဆိုသင်္ဃန်းဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်ဝန်ထမ်းများတက်ရောက်၍ ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး မင်္ဂလသိရိ ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှအသင်း ကျောင်းအုပ်ဆရာကြီး ဆရာဆရာမများ ကျောင်းသားကျောင်းသူများအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များဟောကြားတော်မူခဲ့ပြီး ဆရာကြီးဆရာမကြီးများနှင့် အလုပ်အမှုဆောင်များက

ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ယင်းနောက် တက်ရောက်လာကြသည့်ဧည့်ပရိသတ်များက မင်္ဂလသိရိ ပရိယတ္တိစာတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာ ကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် >

ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ကျောင်းအုပ်ဆရာကြီး ဆရာဆရာမများကျောင်းသားကျောင်းသူများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

 

Contact

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးတွင် တည်ရှိပါသည်။

Supported By

Image

Search