Our Courses

အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)တွင် ယနေ့ သင်ကြားပေးနေသော ဘာသာရပ်များမှာ -

တို့ဖြစ်ပါသည်။ အသေးစိတ်ကို အောက်တွင် ဖော်ပြထားပါသည်။

Electronic Technology
Free
Courses

Electronic Technology

  • 00m 00s

         အီလက်ထရောနစ်နည်းပညာဆိုသည်မှာ ယခုလူနေမှုပတ်ဝန်း ကျင်တွင် တွင်ကျယ်စွာ အသုံးပြုနေသော ဆက်သွယ်ရေးပစ္စည်းများ နှင့်လျှပ်စစ်ပစ္စည်းများကို ပြုလုပ်ရာတွင် အသုံးပြုသောCircuit များ ပြုလုပ်ခြင်း နည်းပညာများနှင့် ဆက်သွယ်ရေးနှင့် ပတ်သတ်သောနည်းပညာများကို လေ့လာသင်ယူနိုင်သောဘာသာရပ်ဖြစ်ပါသည်။

Course Duration

Two Years

  •  First Year
  •  Second Year

Summary Info of Year-I, Year-II

        အီလက်ထရောနစ် ပညာဘာသာရပ်၏ ပထမနှစ်သင်တန်းတွင် Basic Electronic ဟူသော ဘာသာရပ်နှင့် Basic Electricity and Circuit ဟူသော ဘာသာရပ်(၂)ခုကို သင်ကြားပေးပါသည်။

        ဘာသာရပ်နှစ်ခုလုံးတွင် အီလက်ထရောနစ် ပညာဘာသာရပ် ၏အခြေခံကျသော Components များအကြောင်းနှင့် Maltimeter တိုင်းတာခြင်းများ၊ Votage များအကြောင်း Resistor များအကြောင်း၊ Current များအကြောင်း၊ Power supply များအကြောင်းနှင့် Basic Components များကို အသုံးပြု၍ Circuit ပြုလုပ်ခြင်းနည်းပညာများ အကြောင်းကို သင်ကြားပေးလျက်ရှိပါသည်။

Basic Electronics 

  • Semiconductor Diodes
  • Transistor and ICs
  • Power Supplies
  • Measuring Instrument
  • Analogue Electronic & Transistors

Basic Electricity Components and Circuits

  • Basic Electricity
  • Components and Circuits
  • Transducer

         အီလက်ထရောနစ်ပညာဘာသာရပ်၏ဒုတိယနှစ်သင်တန်းတွင် Applied Electronic ဘာသာရပ်နှင့် Radio Communication ဘာသာရပ်နှစ်မျိုးကို သင်ကြားပေးပါသည်။ Applied Electronic ဘာသာရပ်တွင် Analogue နှင့် Digital ဟူ၍ အပိုင်းနှစ်ပိုင်းခွဲ သင်ကြား ပေးပါသည်။ Analogue အပိုင်းတွင် Opreational Amplifierအကြောင်းနှင့် Op-amp ဖြင့်ပြုလုပ်နိုင်သော Circuit များ အကြောင်း သင်ကြားပေးပါသည်။ Digital အပိုင်းတွင် Logic circuit ၏အခြေခံကျသော logic gate များ အကြောင်း၊Digital number များအကြောင်းနှင့် Flip-Flop countor များအကြောင်းကို သင်ကြား ပေးလျက်ရှိပါသည်။

          Radio Communication ဘာသာရပ်တွင် Radio Frequency များအကြောင်း၊ wave များ အကြောင်း၊ transmitter များအကြောင်း ၊ Receiver များ အကြောင်းကဲ့သို့သော ဆက်သွယ်ရေးနည်းပညာ၏ အခြေခံကျသော နည်းလမ်းများ အကြောင်း သင်ကြားပေးပါသည်။

Applied Electronics (Anologue) 

  • Applied Electronics (Digital)
  • Logic circuit

Radio Communication

  • Radio frequency Spectrum
  • Radio Wave propagation
  • Transmitter
  • Receiver
  • Antenna
  • Amplitude Modulation

Electronic Technology ဘာသာရပ်အတွက်ဘာသာရပ်အဖွဲ့အစည်းမှချမှတ်ထားသော Curriculumများကိုလည်းဖော်ပြထားပါသည်

စာသင်ချိန်တစ်ချိန်                                  = (၀၁:၀၀) နာရီ၊ ပေါင်း (၇)ချိန်

တစ်နေ့စာသင်ချိန်                                  = အများဆုံး (၇:၀၀)နာရီ

ရက်သတ္တပတ်စာသင်ချိန်                        = အများဆုံး (၃၅:၀၀) နာရီ

တစ်နှစ်စာသင်ရက်သတ္တပတ်                 = (၃၆) ပတ် စာမေးပွဲစစ်ချိန်နှင့်ကိုယ်ပိုင်စာကြည့်ချိန်အပါအ၀င်)

တစ်နှစ်စာသင်ချိန်စုစုပေါင်း                   = (၁၁၂၀) နာရီ

စက်ရုံ၊ အလုပ်ရုံလက်တွေ့                       = တစ်နှစ်လျှင်စုစုပေါင်း(၈)ပတ်

နံနက်ပိုင်း(၄)ချိန် ၈:၀၀ နာရီမှ ၁၂:၀၀ နာရီထိ ၁၂:၀၀ နာရီမှ ၁:၀၀ နာရီထိ အားလပ်ချိန်

ညနေပိုင်း (၃)ချိန် ၁:၀၀ နာရီမှ ၄:၀၀ နာရီထိ (လိုအပ်သလိုညှိရန်)

Extra-Curriculum Activities = One Afternoon ( 3 Periods) ( e.g Every Wednesday)

အကြမ်းအားဖြင့် စာတွေ့ - ၃၀% - ၃၅%၊ လက်တွေ့ - ၆၅%-၇၀% အပေါ်အခြေခံ၍ ရေးဆွဲထားပါသည်။

 

Curriculum for first year

Subject   Code Lect: Tut: Pract:   Total  
Myanmar   M-101 1 - -   1  
English   E-101 2 - -   2  
Mathematics   Ma-101 2 - -   2  
Physics   Ph-101 2 - 1   3  
Chemistry   Ch-101 2 - 1   3  
Engineering Drawing   AT-101 1 - 3   4  
Basic Electronics   EcT-101 1 - 9   10  
Basic Electricity Components and Circuit   EcT-102 1 - 9   10  
Total     12 - 23   35  
                 

 

Curriculum for second year

 

No Subject Code Lect: Tut: Pract Total:
1 English E-201 2 - - 2
2 Mathematics Ma-201 2 - - 2
3 Applied Electronics EcT-201 3 - 12 15
4 Radio Communication EcT-202 2 - 11 13
5 Total   9 - 23 32

Short Description

အီလက်ထရောနစ်နည်းပညာဆိုသည်မှာ ယခုလူနေမှုပတ်ဝန်း ကျင်တွင် တွင်ကျယ်စွာ အသုံးပြုနေသော ဆက်သွယ်ရေးပစ္စည်းများ နှင့်လျှပ်စစ်ပစ္စည်းများကို ပြုလုပ်ရာတွင် အသုံးပြုသောCircuit များ ပြုလုပ်ခြင်း နည်းပညာများနှင့် ဆက်သွယ်ရေးနှင့် ပတ်သတ်သောနည်းပညာများကို လေ့လာသင်ယူနိုင်ပါသည်။

Course Info

  • -1

Class Times

sunday monday tuesday wednesday thursday friday saturday

Contact

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးတွင် တည်ရှိပါသည်။

Supported By

Image

Search